Series
ပရိသတ်ကြီးတို့ စောင့်မျှော်နေကြတဲ့ ဂျောင်ဂျင်မန်တို့ တူဝရီးကတော့ ၂ နှစ်အကြာမှာပဲ Season 2 နဲ့အတူ ပြန်လည်ရောက်ရှိလာပါပြီ။
Lee Dong-Wook, Kim Hye-Jun တို့အပြင် Murthehelp ရဲ့ အားထားရတဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဆိုမင်ဟယ်, ပါစင်, ဘရာသား နောက်ပြီး ဗီလိန် ဘေးလ် အစရှိတဲ့ ဇာတ်ကောင်တွေ ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး တခြားသော ဇာတ်ကောင်အသစ်တွေနဲ့ Lee Kwang-Soo ကိုလည်း Cameo အနေနဲ့ တွေ့မြင်ရဦးမှာပါ။
- ဇာတ်လမ်းအကျဉ်း -
လူတိုင်းက သေသွားပြီလို့ ထင်မှတ်ထားခဲ့ကြတဲ့ ဦးလေးဖြစ်သူ ဂျောင်ဂျင်မန် (Lee Dong-Wook) အသက်ရှင်လျက် ပြန်လည် ရောက်ရှိလာပြီးနောက်မှာတော့ ဂျီအန်း (Kim Hye-Jun) က လက်နက်ရောင်းဝယ်ရေး အွန်လိုင်းရှော့ပင်းမောလ် "Murthehelp" ရဲ့ ကိုယ်စားလှယ်အသစ် ဖြစ်လာခဲ့ပါတယ်။
တစ်ဖက်မှာလည်း တစ်နှစ်တိုင်တိုင် စွမ်းဆောင်ရည် အပြည့်အဝ ထုတ်မပြနိုင် ဖြစ်နေတဲ့ ကြေးစားလူသတ်သမားအဖွဲ့အစည်း "Babylon" ကိုးရီးယားဌာနခွဲရဲ့ ဟာကွက်တွေကို ဖာတေးပေးဖို့အတွက် အရှေ့အာရှဌာနခွဲက အဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဂျင်မန်နဲ့ ဂျီအန်းကို ရေကုန်ရေခန်း ခြေရာခံလိုက်နေတဲ့အခါမှာတော့...
Murthehelp နဲ့ Babylon ကြားက ပြင်းထန်တဲ့ သွေးထွက်သံယို တိုက်ပွဲကြီးရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်လာမှာလဲ...
ဂျင်မန်တို့ တူဝရီးနှစ်ယောက်ရဲ့ အံ့မခန်း teamwork နဲ့အတူ ပိုပို မိုက်လာတဲ့ အက်ရှင်ဇာတ်ကွက်တွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။
Aired: Jul 22, 2026 - Aug 12, 2026
Aired On: Wednesday
Genres: Action, Thriller, Mystery
Episodes: 8
Original Network: Disney+