CM FLIXCM FLIXSTREAM HUB
R Mosaic Series My Key
🔒 ကြည့်ရှု / Download ရန် Key ဖြင့် ဝင်ရန် လိုအပ်ပါသည်။ ဝင်မယ်
▶

Monster: The Lizzie Borden Story (2026)

Series

ဒီဇာတ်လမ်းတွဲကတော့ Netflix ကနေ ထုတ်လွှင့်ပြသနေတဲ့ နာမည်ကျော် မှုခင်း (True Crime) ဇာတ်လမ်းတွဲဖြစ်တဲ့ Monster ရဲ့ စတုတ္ထမြောက် အတွဲ(Season 4) အသစ်ပဲ ဖြစ်ပါတယ်။ ဖန်တီးသူ Ian Brennan က ရိုက်ကူးတင်ဆက်ထားပြီး၊ အဓိက သရုပ်ဆောင်တွေအဖြစ် မင်းသမီး Ella Beatty က Lizzie Borden အဖြစ် ခေါင်းဆောင် ပါဝင်ထားပါတယ်။ ဒါ့အပြင် နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Charlie Hunnam, Rebecca Hall, Vicky Krieps, Billie Lourd နဲ့ Sarah Paulson တို့လည်း အားဖြည့် ပါဝင်ထားကြပါတယ်။ အပိုင်း ၈ ပိုင်းပါဝင်တဲ့ ဒီစီးရီးကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ အပိုင်းစုံ တစ်ပြိုင်တည်း ထွက်ရှိထားတာပါ။ ဇာတ်လမ်းကတော့ အမေရိကန် သမိုင်းမှာ အကျော်ကြားဆုံးနဲ့ အခုချိန်ထိ အဖြေရှာမရသေးတဲ့ ၁၈၉၂ ခုနှစ်က ဖြစ်ရပ်မှန် လူသတ်တဲ့ အဖြစ်အပျက်ကြီးကို အသက်သွင်းထားတာပါ။ မက်ဆာချူးဆက် ပြည်နယ်မှာနေတဲ့ ဖခင်ဖြစ်သူ Andrew နဲ့ မိထွေးဖြစ်သူ Abby တို့ နှစ်ယောက်စလုံး အိမ်ထဲမှာ ပုဆိန်နဲ့ အကြိမ်ကြိမ် အခုတ်ခံရပြီး ရက်ရက်စက်စက် အသတ်ခံလိုက်ရရာကနေ ဇာတ်လမ်းစတင်ပါတယ်။ အဲဒီကိစ္စအတွက် သူတို့ရဲ့ သမီးဖြစ်သူ အသက် ၃၂ နှစ်အရွယ် Lizzie Borden ဟာ အဓိက သံသယရှိသူအဖြစ် အဖမ်းခံရပြီး တရားရင်ဆိုင်ရပါတော့တယ်။ ဒီစီးရီးထဲမှာတော့ အဖိနှိပ်ခံထားရတဲ့ အိမ်တွင်းရေး ပြဿနာတွေ၊ ကြမ်းတမ်းတဲ့ မိသားစု ဆက်ဆံရေးတွေကြားမှာ လွတ်မြောက်ချင်နေတဲ့ Lizzie တစ်ယောက် အိမ်အကူ ကောင်မလေး Bridget နဲ့ ပူးပေါင်းပြီး ဘယ်လိုမျိုး လျှို့ဝှက်ချက်တွေ ဖန်တီးခဲ့လဲ ဆိုတာကို ရင်တမမ ကြည့်ရှုရမှာပါ။ လူသတ်လက်နက်ကို မတွေ့ရတာတွေရော၊ ခိုင်လုံတဲ့ သက်သေမရှိတာတွေကြောင့်ရော နောက်ဆုံးမှာ Lizzie တစ်ယောက် တရားသေ လွတ်မြောက်သွားခဲ့ပေမဲ့ တကယ့် လူသတ်သမားက ဘယ်သူလဲ ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းနေဆဲ ဖြစ်ပါတယ်။

အပိုင်း ရွေးပါ