Series
လူသတ်သမားတွေကို အကျင့်စရိုက်တွေ ခန့်မှန်း အပြုအမူတွေ လေ့လာပြီး
FBI Profiler တွေက ပညာသားပါပါနဲ့ ခေါင်းစားပဟေဠိဖော် ဖမ်းဆီးကြတဲ့
Criminal Minds Evolution လိုမျိုး လျှို့ဝှက်သည်းဖိုစီးရီးကို
သဘောကျရင်တော့ ဒီစီးရီးက ကွက်တိ ဖြစ်မှာပါ။
NBC ကနေ အပတ်စဉ် ၁၀ ပိုင်းတိတိ ထုတ်လွှင့်ပေးသွားမှာလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ချိန်က FBI Profiler အဖြစ် လုပ်ကိုင်ဖူးတဲ့
Henderson ဆိုတာ ယခုအချိန်မှာတော့ ကာစီနိုဟိုတယ်လေးမှာ
လိမ်ညာတဲ့လူတွေကို ဖော်ထုတ်ရင်း အလုပ်လုပ်နေပါတယ်။
တစ်ရက်ကျ အထက်က ဆရာ့ဆရာတွေ ရောက်လာပြီး သူ့ကို ဂဃနဏမရှင်းပြပဲ
လွတ်မြောက်သွားတဲ့ ကွင်းဆက်လူသတ်သမားကို ခြေရာခံဖမ်းပေးဖို့ တောင်းဆိုလာပါတယ်။
ဖြစ်ချင်တော့ ဒီ လူသတ်သမားဆိုတာ Herderson ရဲ့ ပထမဆုံးအမှုတုန်းက
တရားခံပါ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက သေဒဏ်ပေး ကွပ်မျက်ပေးထားတဲ့လူ။
အဲဒီမှာပဲ လူသတ်သမားတွေနဲ့ ပတ်သက်ပြီး CIA ရဲ့ အရှုပ်တော်ပုံကြီးကို
Henderson တစ်ယောက် တဖြည်းဖြည်းသိလာရင်း ပဟေဠိဆန်ဆန်
လွတ်မြောက်သွားတဲ့ ကွင်းဆက်လူသတ်သမားတွေကို
ပြန်ပြီး အမဲလိုက်ဖို့ ဖြစ်လာတဲ့အခါမှာတော့…။
(အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)
File Size – 665 MB (Appx;)@Episode
Quality – 1080p WEB DL
Duration –43minute (@Episode)
Total Episodes:10 Eps