Series
စ-ဆုံး
Ju Yeon ဆိုတဲ့ခွဲစိတ်ဆရာဝန်မလေးဟာ ငယ်ငယ်ကရရှိခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် အတိတ်ရဲ့အရိပ်ဆိုးကနေ ရုန်းမထွက်သေးနိုင်တဲ့သူပါ။ဘဝတစ်ခုလုံးပြောင်းလဲပစ်နိုင်တဲ့ ပိုက်ဆံပမာဏမျိုးရှာချင်တဲ့လူတစ်ယောက်ကလည်း ငွေတိုးချေးတဲ့သူဆီမှာပိုက်ဆံချေးပြီး coin ဝယ်စုခဲ့ပေမယ့် အရှုံးပေးခဲ့ပါတယ်။
Gil Ryong ဆိုတဲ့လူကတော့ အလုပ်ကနေမတရားအထုတ်ခံရပြီးတော့ ပိုက်ဆံအမြောက်အမြားရမယ့်အလုပ်တစ်ခုကိုလုပ်ဖို့ကြံရွယ်နေသူပါ။ဂန်းနမ်မှာအောင်မြင်တဲ့ ပုဂ္ဂိလကဆေးခန်းတစ်ခုဖွင့်ထားတဲ့ အမျိုးသားတစ်ယောက်ရှိပြီး ချစ်စရာကောင်းသလောက် အန္တရာယ်လည်းများတဲ့ ချစ်သူကောင်မလေးတစ်ယောက်လည်းရှိပါတယ်။
ဒါ့အပြင် လျှို့ဝှက်ဆန်းကြယ်မတော်တဆမှုတစ်ခုမှာ မျက်မြင်သက်သေဖြစ်ခဲ့ရပြီး နောက်ပြန်လှည့်လို့မရတဲ့ အပေးအယူတစ်ခုကိုလုပ်ခဲ့ရတဲ့လူတစ်ယောက်လည်းရှိပါတယ်။
ဒီလိုအကြောင်းရင်းပေါင်းစုံနဲ့ လူခြောက်ယောက်ရဲ့ဘဝဟာ ကံကြမ္မာဆိုးတစ်ခုမှာ ဘယ်လိုမျိုးပတ်သက်ဆက်နွယ်လာပြီးတော့ ရောထွေးလာကြမလဲဆိုတာကတော့ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦးနော်။